Breaking News

Samsung Galaxy S4 M919 ဖုန်းကို Android 6.0.1 Marshmallow တင်နည်း

Samsung Galaxy S4 M919 ဖုန်းကို Android 6.0.1 Marshmallow 
တင်နည်းကို အားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါယ်။
ဒီဖုန်းကို Marshmallow တင်ချင်တယ်ဆိုရင်တော့ မိမိဖုန်းမှာ 
TWRP & CWM Recovery တစ်ခုခုတော့ ထည့်သွင်းထားပြီးသားဖြစ်နေရပါမယ်။

Marshmallow တင်ရန်အတွက် Odin ဖြင့် Flash ပေးစရာမလိုပါ
Firmware Rom ကို SD Card သို့ကူးထည့်ပြီး Recovery Mode ကနေ
အလွယ်တကူ Flash ပေးပြီး တင်ယူနိုင်မှာပဲဖြစ်ပါတယ်။
လိုအပ်ချက်များ
=========
၁။ မိမိဖုန်းမှာ Battery Charge 80% လောက်ရှိနေရပါမယ်
၂။ ဖုန်းမှာ TWRP & CWM Recovery တစ်ခုခုထည့်သွင်းထားရပါမယ်။
ငြင်းဆိုချက်
=========
ယခုဖေါ်ပြ Custom Rom Flashing Guide သည် Official အတိုင်းလမ်းညွှန်ပေးထားခြင်း
ဖြစ်ပါသည်၊ အကြောင်းတစ်ခုခုကြောင့် ပျက်စီးသွားခဲ့သည်ရှိသော် လုံးဝတာဝန်မယူပါ။
ဖေါ်ပြပါ လမ်းညွှန်သည် ပြည့်စုံမှု မပြည့်စုံမှုထက် Custom Rom တင်ယူရန်အတွက်
မိမိရဲ့ OWN Risk အပေါ်မှာသာ မူတည်ပါလိမ့်မယ်။
Galaxy S4 M919 ဖုန်းကို Android 6.0.1 Marshmallow တင်နည်း
=====================================
၁။ အပေါ်မှာ ပေးထားတဲ့ Marshmallow ကိုဒေါင်းလော့ရယူလိုက်ပါ
၂။ ဖုန်းနဲ့ကွန်ပျူတာကို ချိတ်ဆက်ပြီး Marshmallow Rom.zip ဖိုင်ကို
SD Card သို့ကူးထည့်လိုက်ပါ။
၃။ ဖုန်းကိုပါဝါပိတ်ပြီး Recovery Mode သို့ဝင်ပေးရပါမယ်၊ ဒီအတွက်
olume Up + Home + Power များကိုတွဲနှိပ်ပြီး ၀င်လိုက်ပါ။
၎။ Recovery Mode သို့ရောက်တဲ့အခါ Rom ကို Backup ပြုလုပ်ထားလိုက်ပါ
၅။ Firmware မတင်မှီ wipe data / factory reset များကို အရင်ရှင်းထုတ်ပေးလိုက်ပါ
၆။ install zip from sd card >>> choose zip from sdcard ကိုတစ်ဆင့်ချက်နှိပ်သွားလိုက်ပါ 
ပြီးရင် Android 6.0.1 Marshmallow custom firmware ကို Flash ပေးလိုက်ပါ။
၇။ Firmware Flash process တစ်ခုပြုလုပ်နေတုန်း ပြီးအောင်စောင့်နေလိုက်ပါ
၈။ အားလုံးပြီးသွားရင်တော့ recovery menu main သို့ပြန်လာပြီး Reboot >>>System ဆိုပြီး
ဖုန်းကို Reboot ချပေးလိုက်ပါ၊ ပြန်တက်လာတဲ့အခါ ဖုန်းမှာ Android 6.0.1 Marshmallow လေးလန်းနေပါလိမ့်မယ်။
အဆင်ပြေပါစေ

No comments