Breaking News

Mobile Hardware Repair Tools

ဖုန်းဆားကစ်တစ်ခုကို ပြုပြင်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာအချို့ကိုဖေါ်ပြလိုက်ပါတယ်
  • Multi Meters ( တိုင်းတာရေး မီတာ မျိုးစုံ )
  • Housing Opening Tools ( အဖုံးဖွင့်ရန် ဆားကစ်အထိုင်နပ်များ ဖြုတ်တပ်လုပ်ရန် )
  • Tweezers ( Electronic Components လေးတွေကို ကိုင်တွယ်ရမယ့် ဇဂနာအမျိုးမျိုး )
  • Electronic Heavy Duty Heat Gun ( အပြင်းစားလေပူပေးသည့်ဂန်း )
  • Soldering iron ( ခဲဂဟေဆော်ရာမှာ အသုံးပြုရမယ့် ဂဟေဆော်သည့်ဂန်းမျိုးစုံ )
  • Soldering lead ( ခဲဂဟေဆော်ရာမှာ အသုံးပြုသည့် ခဲအမျိုးမျိုး )
  • Soldering Flux and Paste ( ခဲဆော်ရာမှာ အသုံးပြုတဲ့ထင်းရှုးဆီ အမျိုးမျိုး )
  • Re balling Kits ( အိုင်စီ ခဲသားပြန်ဖေါ်ရာမှာ အသုံးပြုမည့် ကိရိယာ အမျိုးမျိုး )
  • Jumper Wire ( ဂျမ်ပါကြိုး )
  • Power Supply Uints ( ပြင်ဆင်ချိန်အတွင်း လိုအပ်တဲ့နေရာတိုင်းသုံးလို့ရမယ့် Regulated DC Power Supply အမျိုးမျိုး )
Multi Meters or Single Meters
Board ပေါ်က Electronic Components လေးတွေတိုင်းတာတဲ့နေရာ ၊ Board ကို DC Supply ပေးပီး သက်ရောက် Volt တွေ တိုင်းတာ စစ်ဆေးတဲ့ နေရာမှာ သုံးပါတယ် ၊
အဓိကအားဖြင့်တော့ Voltage , Current , Resistance နဲ့ Frequency တွေ တိုင်းတာတဲ့နေရာမှာ သုံးပါတယ် ။ မီတာတစ်လုံးရဲ့ အသုံးဝင်မှု တိကျမှု အရည်အသွေးပေါ်မူတည်ပီး ဈေးနှုန်းအမျိုးမျိုး ရှိပါတယ်
( အသေးစိတ် သိရှိလိုပါက မီတာနှင့် အသုံးချ တိုင်းတာနည်းများကို ဖတ်ပါ )
Housing Opening Tools
h1 h2 h3






ဖုန်းတစ်လုံးကို စတင်ဖြုတ်ချိန်ကနေ ပြန်တပ်ပီးတဲ့ အချိန်ထိ လိုအပ်တဲ့ Tools တွေကို ဒီအုပ်စုထဲထည့်ထားပါတယ် ဥပမာ
Screwdrivers ( ကျောက်လှည့်မျိုးစုံ ) ,
Opening Pry ( ပလပ်စတစ် ကလော်တံ အမျိုးမျိုး )
Metal Triangular LCD / Digitizer Opening Tool ( ၃ မြှောင့်ပုံ စတီးပက်ထွမ်ပြားလေးများ ၊ LCD နဲ့ Digitizer တွေဖြုတ်တဲ့နေရာမှာ သုံးပါတယ် )
Metal Spudger ( Hard Metal ) ( စက်ပြင်လောကမှာတော့ စတီးကလော်တံ လို့ လူသိများပါတယ် )
Tweezers
h4








Electronic Components လေးတွေကို လိုအပ်သလို ကိုင်တွယ်ထိန်းချုပ်တဲ့နေရာ အထူးအသုံးဝင်ပါတယ် ၊
အတိုအရှည် အကောက်အဖြောင့် အတုံးအချွန်ထိပ်ပြား အစရှိသဖြင့် ပုံစံမျိုးစုံနဲ့ဝယ်ယူလို့ရပါတယ် ။ အထူးသတိထားရမှာကတော့ Plastic Tweezer တွေကို သုံးမယ်ဆိုရင် Anti-Static ဖြစ်နေတာကိုရွေးဖို့လိုပါတယ် တည်ငြိမ်လျှပ်စစ်ကြောင့် circuit ပျက်စီးတာကိုကာကွယ်ဖို့ပါ ။
Electronic Heavy Duty Heat Gun
h5








အိမ်သုံးလျှပ်စစ်လိုင်းနဲ့သုံးလို့ရပါတယ် လေပူပေးတဲ့ Heat Gun တစ်မျိုးပါ လေထွက်တဲ့ခေါင်းထိပ်ကို ပုံစံအမျိုးမျိုး ပြောင်းသုံးလို့ရပါတယ် လေပြင်းအား ချိန်လို့ရသလို အပူပြင်းအားကိုလည်း ချိန်ညှိလို့ရပါတယ် ။
Soldering Irons
h6 h7







ခဲဂဟေဆော်တဲ့နေရာမှာ မိမိဂဟေဆော်ရမယ့်ပစ္စည်း ၊ ခံနိုင်ရည်အားနဲ့ ဆားကစ်တည်ဆောက်ပုံအနေအထားတွေအရ အသုံးပြုရမယ့် ဂဟေဆော်ဂန်းတွေ အမျိုးမျိုး ကွဲပြားပါတယ်
အပူချိန်လိုသလိုချိန်ညှိအသုံးပြုလို့ရတဲ့ စတီးဂေါက်ဆံတွေကို အသုံးပြုတဲ့ ရိုးရိုးဂန်းများ
အပူချိန် နဲ့လေပြင်းအားကိုလိုအပ်သလို ချိန်ညှိပီး လေပူနဲ့ ဆော်ရတဲ့ Hot Air Gun များ
ပိုမိုများပြားတိကျတဲ့ အလုပ်တွေကိုလုပ်ဆောင်ပေးနိုင်တဲ့ BGA Station တွေဖြစ်ပါတယ်
အထက်ဖေါ်ပြပါ Soldering Irons တွေကတော့ စက်ပြင်လောကမှာ လူသိများ လူသုံးများတဲ့ ပစ္စည်းတွေဖြစ်ပါတယ်
Soldering lead
h8 h9 h10










ခဲဂဟေဆော်တဲ့နေရာမှာ မိမိဂဟေဆော်ရမည့်ပစ္စည်းနဲ့ ၄င်းတို့ရဲ့ခံနိုင်ရည်အားပေါ်မူတည်ပီး အသုံးပြုရမယ့်
ခဲ ကိုရွေးချယ်ရပါတယ် ၊ မိုဘိုင်းဖုန်းပြပြင်တဲ့နေရာမှာတော့ Soldering Flux and tinny of lead ခဲမှုန်ဗူးတွေကို သုံးကြတာများပါတယ် ( Ball Type )
နောက်ထပ်လူသုံးများတဲ့နှစ်မျိုးကတော့ Soldering Flux ပါဝင်မှုနည်းတဲ့ ခဲကြိုးအသေးခွေ နဲ့
Soldering Flux ပါဝင်မှုများတဲ့ ခဲကြိုးအကြီးခွေ တွေဖြစ်ပါတယ်။
Soldering Flux and Paste
h11 h12






စက်လောကမှာတော့ ထင်းရှုးဆီလို့ လူသိများပါတယ်
ခဲကို အပူပေးလိုက်တဲ့အချိန်မှာ ပူနေတဲ့ခဲနဲ့ အောက်စီဂျင်ထိတွေ့ပီး metal oxide ဖြစ်သွားပါတယ် ၊
အကျိုးဆက်က ခဲရဲ့အရည်ပျော်မှတ်မြင့်တက်သွားပါတယ် တော်ရုံနဲ့ ခဲအရည်မပျော်တော့ အပူချိန်တိုးပေးရပါတယ် ၊ ဆိုးတာက မိမိဂဟေဆော်မယ့်ပစ္စည်းက အဲ့ဒီအပူချိန်မှာကြာကြာထားမယ်ဆိုရင် ပျက်စီးသွားနိုင်ပါတယ် ၊ ဒီတော့ ဂဟေဆော်တဲ့နေရာမှာ မိမိဂဟေဆော်မယ့်ခဲသားမှာ အပူစီးကူးမှုအားကောင်းအောင်ရယ် ဘေးနားမှာရှိတဲ့ အညစ်အကြေးတွေကိုသန့်စင်ပေးနိုင်တဲ့ အက်စစ်ရယ် ပေါင်းစပ်ထားတဲ့ Chemical compound တစ်မျိုးကို သုံးစွဲရပါတယ် Slodering Flax or paste ( ထင်းရှုးဆီလို့ ခေါ်ပါတယ် ) ။ Soldering Flux ကို အဆီဗူး ၊ အခဲဗူး ၊ သွားတိုက်ဆေးလို paste လုပ်သုံးတဲ့ဗူး အစရှိသဖြင့် ပုံစံအမျိုးမျိုး ၀ယ်ယူရရှိနိုင်ပါတယ် ။
Re balling Kits
Re balling လုပ္တယ္ဆိုတာ IC ရဲ့ ငုတ်တွေကို ခဲသားအဖုလေးတွေပေါ်လာအောင် ခဲပြန်ဖေါ်တာပါ
အိုင်စီခဲလောင်းတယ်လို့ စက်လောကမှာ ခေါ်ဝေါ်ပါတယ်
Board ရဲ့ IC နဲ့တွဲဆော်မယ့် ငုတ်လေးတွေကလည်း ရေပြင်ညီဖြစ်နေတယ် ၊ IC ရဲ့ Pin တွေကလည်း ရေပြင်ညီလိုဖြစ်နေရင် အဲ့ဒီ အိုင်စီကို ခဲဆော်လို့ မရပါဘူး ၊ ဒီတော့ IC ကို Reballing လုပ်ပေးရပါတယ်
အောက်မှာ IC Re-balling လုပ်တဲ့နေရာမှာလိုအပ်တဲ့ပစ္စည်းတွေကိုလေ့လာကြည့်ပါ
Lead ( Ball Type )
A BGA Stencil Pattern Plates
Spatula
Solder Flux
PCB Board Holder or IC Holder
Cleaning liquid ( Lacquer Thinner )
Brush
Lead ( Ball Type )
အသုံးပြုမယ့်ခဲက ခဲမှုန်ဗူးပါ ( 0.05 mm ) လေးသုံးရင်ရပါတယ် ဘယ်ဆိုင်မှာဝယ်ဝယ် ခဲဆီဗူးဆိုတာနဲ့အဲ့ဒါလေးတွေဝယ်လို့ရပါတယ်
Solder_Wick
h13







စက်ပြင်လောကမှာတော့ ခဲရှင်းကြိုးခွေ လို့ခေါ်ပါတယ်။ ဘုတ်ပြားပေါ်မှာ တင်ကျန်နေတဲ့ ခဲသားတွေကို အပူပေး ပြီး အရည်ပျော်နေတဲ့အချိန်မှာ ခဲရှင်းကြိုးနဲ့ စုပ်ယူရင် ညီညာသန့်ရှင်းစေတဲ့အတွက် ခဲရှင်းကြိုးကို အသုံးပြုကြပါ တယ်။ အမာ ၊ အပျော့ ဆိုပြီး ပုံစံ ၂ မျိုးနဲ့ ဝယ်ယူလို့ ရပါတယ်။
A BGA Stencil Pattern Plates
h14 15 h16
















စက်ပြင်လောကမှာတော့ အိုင်စီခဲလောင်းဇကာ လို့ သိကြပါတယ်
Universal Type တွေ ဝယ်လို့ရသလို IC ကို အထူးပြုတဲ့ ဇကာတွေ Model တစ်ခုခြင်းကို အထူးပြုတဲ့ဇကာတွေ အစရှိသဖြင့် ဝယ်လို့ရပါတယ် ၊ ထပ်မံရွေးချယ်စရာကတော့ အထူ အပါး နဲ့ ဇကာရဲ့ အရည်အသွေးပါ ဇကာထူရင် အိုင်စီငုတ်ခဲသားမြင့်သွားပီး ခဲဆော်တဲ့နေရာမှာ ဘေးငုတ်တွေနဲ့မထိအောင် ဂရုစိုက်ရပါတယ်
Spatula
h17








စက်ပြင်လောကမှာတော့ ခဲကော်ဂေါ်ပြား လို့ခေါ်ဝေါ်ပါတယ် ခဲဆီဗူးထဲက ခဲကို ကော်တဲ့နေရာမှာ သုံးကြပါတယ် ၊
PCB Board Holder or IC Holder
h18 h19








PCB Board Holder ဆိုတာကတော့ ဖုန်းဆားကစ်ပြားကို ဆားဗစ်လုပ်မယ့်အချိန်မှာ ညှပ်တဲ့ခုံလေးတွေပါ
စက်ပြင်လောကမှာ ဆားကစ်ညှပ်ခုံလို့ လူသိများပီး အဲ့ဒီလိုပြောပီး ဝယ်လို့ရပါတယ်
မီးခံပြားနဲ့တည်ဆောက်ထားတဲ့ Model တစ်ခုခြင်းအလိုက် PCB Holder တွေဝယ်လို့ရပါသေးတယ် Board ကို ပုံစံခွက်ထဲထည့်ပီး Servie ပြုလုပ်ရုံပါပဲ အားသာချက်က Board ကို ဖိညှစ်ထားတာမဟုတ်လို့ အိုင်စီထိချက်ကောင်းတာ ၊ Board ပြားရဲ့ အားနည်းတဲ့နေရာကို ဖိညှပ်မိလို့ Board ကျိုးပဲ့သွားတာမျိုး မဖြစ်စေပါဘူး ၊ အားနည်းချက်ကတော့ တစ်ခုကိုပုံစံတစ်မျိုးဖြစ်လို့ မော်ဒယ်စုံအောင်ဝယ်ယူရလို့ ကုန်ကျစရိတ်များစေပါတယ်
IC Holder ကတော့ IC ကို သူနဲ့ကိုက်တဲ့ပုံစံခွက်လေးထဲထည့်ပီး Re-balling လုပ်တဲ့နေရာမှာ အသုံးချရတာပါ
IC Holder အသုံးပြုခြင်းဖြင့် ခဲလောင်းဇကာတွေရဲ့ သက်တမ်းကိုရှည်စေပါတယ်
Cleaning liquid ( Lacquer Thinner )
စက်ပြင်လောကမှာတော့ တင်နာရည်လို့ပဲခေါ်ပါတယ် အပိုပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ တင်နာရည်ရော မိမိလုပ်ငန်းလုပ်ငန်းလုပ်ချိန်မှာ သုံးလို့လွယ်ကူစေမယ့် တင်နာဗူး အသေးလေးတွေလည်း ဝယ်လို့ရပါတယ်
Board ကို သန့်ရှင်းရေးလုပ်တာ IC Re-Ball ပြုလုပ်ပီးချိန် သန့်ရှင်းရေးလုပ်တာ အစရှိတဲ့နေရာတွေမှာ သုံးပါတယ်
Brush
အလွယ်တကူရရှိနိုင်တဲ့ သွားတိုက်တံအဟောင်းလေးတွေပဲသုံးကြပါတယ် ၊ သွားတိုက်တံမှာ တင်နာရည်စွတ်ပီး သန့်ရှင်းရေးလုပ်တဲ့နေရာမှာ သုံးပါတယ်။
Jumper Wire
h20







ဂျမ်ပါကြိုးလို့ပဲ စက်ပြင်လောကမှာခေါ်ပါတယ် Board ရဲ့ တစ်နေရာကနေ တစ်နေရာကို Point-to-point ကြိုးကျော်ပီး သုံးချင်တဲ့အခြေအနေ မှာသုံးရပါတယ်
Power Supply Unit
h21 h22 h23
















စက်ပြင်လောကမှာတော့ PSU လို့ခေါ်ပါတယ် ၊ Regulated DC ထုတ်ပေးတဲ့ Power Supply တစ်ခုပါ
Output Voltage ကို 0 V ကေန 15 V အထိ ချိန်ညှိနိုင်တဲ့ Output 2A PSU နဲ့
Output Voltage 0 V ကေန 30 V အထိ ၊ Output Ampere ~mA ကေန 5 A အထိ ချိန်ညှိနိုင်တဲ့ 5 A PSU တို့ကတော့ အသုံးအတွင်ကျယ်ဆုံး ဖြစ်ပါတယ် ၊ Board တစ္ခုကို Service ပြုလုပ်နေချိန်မှာ Battery Supply ကို အသုံးပြုလေ့မရှိပဲ PSU တွေကနေပဲ DC Supply ရယူပီး ပြုပြင်တာမျိုးလုပ်ကြပါတယ်

No comments