iOS Device များ iTune နဲ့ Firmware တင်တဲ့အခါ update နဲ့ Restore အကြောင်း
အဲဒီနှစ်ခုမှာ iOS Device များကိုအများဆုံး Firmware ဘာနဲ့တင်ကြပါလဲ။ ဘယ်ပာာနဲ့တင်ရင်ပိုအဆင်
ပြေပါသလဲလို့ မေးထားတဲ့သူတွေအတွက် အကြံပြုပေးလိုက်ပါတယ်။ ဒီနှစ်မျိုးစလုံးပာာဘယ်ပာာနဲ့တင်တင်အဆင်ပြေပါ
တယ်။ ဒါဆိုဘာမှကွဲပြားခြားနားမှု့မရှိဘူးလားလို့ မေးလာရင်တော့ ကွဲပြားခြားနားတာတော့ ရှိပါတယ်။
ကျတော်တို့ JailBreak ပြုလုပ်ထားတဲ့ Device တွေဆိုရင်တော့ update နဲ့သွားတင်လို့မရပါဘူး။ ဒါဆိုရင်တော့
Restore ကနေတင်ပေးရမှာဖြစ်ပါတယ်။ Restore နဲ့တင်ရင်တော့ Device ထဲမှာရှိတဲ့ data တွေအကုန်လုံး
ပျက်ပါတယ်။ ဒါကြောင့် Device ထဲက data တွေကို Restore အနေနဲ့ Firmware တင်မယ်ဆိုရင်တော့
Back-up အရင်ပြုလုပ်ထားသင့်ပါတယ်။
နောက်တစ်ခုကတော့ update နဲ့ Firmware တင်တဲ့အကြောင်းလေးပါ။ သူကတော့ Device မှာ JailBreak
ပြုလုပ်ထားခြင်းမရှိဘူးဆိုရင်တော့ update နဲ့ Firmware တင်တဲ့အခါ Device ထဲက data တွေကို
မပျက်ပဲ ပြန်ရပါတယ်။ ဒါပေမဲ့ iDevice များကို Firmware တင်တဲ့အခါမှာ internet connection လိုပါတယ်။
internat connecton ကောင်းကောင်းနဲ့ Firmware တင်မှသာ update နဲ့တင်တာကောင်းဆုံးပါ။ internet
connection မကောင်းရင်တော့ error တက်သွားရင် Restore နဲ့ပြန်တင်မှသာအဆင်ပြေမှာဖြစ်ပါတယ်။
ဒါကြောင့် update နဲ့ပဲဖြစ်ဖြစ် Restore နဲ့ပဲဖြစ်ဖြစ် Firmware တင်မယ်ဆိုရင်တော့ Device ထဲကအရေးကြီး
data တွေကို Back-up ပြုလုပ်ထားသင့်ပါတယ်။
Remark ::: အရေးကြီးဆုံးကတော့ iCloud setting ထဲက Apple ID account ကိုပြန်ထွက်ထားပေးပါ။
အဆင်ပြေပါစေ။
Warmly Welcome
No comments
Post a Comment