Breaking News

Alvin And The Chipmunks

 

Alvin and Chipmunks : The Road Chip (2015) မြန်မာစာတန်းထိုး

       
       
၂၀၁၅ ထွက် အသစ်လေး တစ်ကားလာပါပြီဗျာ။ ဒီကောင်လေးတွေဆို အကုန်လုံး သိနေကြလောက်ပါပြီ။ ဒီတစ်ခေါက်ကားမှာတော့ သူတို့ အဖေ Dave ဟာ မိုင်ယာမီကို ရည်းစားနဲ့အတူ ၂ ယောက်ထဲထွက်သွားပြီး သူတို့ကို ရည်းစားရဲ့ သားဖြစ်သူ Miles နဲ့ ချန်ထားခဲ့တာက စပါတယ်။ Miles နဲ့ သူတို့တွေ စတွေ့ကတည်းက လုံးဝမတည့်ခဲ့ကြတာပါ။ အဲဒီအချိန်မှာပဲ Dave က မိုင်ယာမီခရီးမှာ လက်စွပ်လေးကို သယ်သွားတာ တွေ့လိုက်တဲ့အခါ သူတို့ ၃ ယောက်နဲ့ Miles က လုံးဝမိသားစု မလုပ်နိုင်ဘူးဆိုပြီး
၎ယောက်သား လက်ထပ်ခွင့်တောင်းတာကို ဖျက်ဖို့ မိုင်ယာမီကို ခရီးထွက်လာပါတော့တယ်။ ဒါပေမယ့်
လမ်းတစ်လျှောက် အခက်အခဲတွေ မျိုးစုံတွေ့လာတဲ့ အခါမှာတော့..........

File size...(660 Mb)  
Quality...BR-Rip 720p
Format...mp4
Duration....1 hr 32 min
Subtitle....Moe Myint Lwin

Encoder...Littleneo


Download or Watch from pCloud

Small File Size





Alvin And The Chipmunks 2: The Squeakquel (2009) မြန်မာစာတန်းထိုး




ဒုတိယဇာတ်ကားဟာလည်း ပထမဇာတ်ကားလိုပဲ အောင်မြင်တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်... ဇာတ်လမ်းကတော့ အောင်မြင်နေပြီဖြစ်တဲ့ အယ်လ်ဗင်တို့ရှဥ့်ညီနောင်တို့အတွက် ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ပေါ်လာခဲ့ပါတယ်...သူတို့ကလည်း ရှဥ့်မလေးတွေဖြစ်ပြီး Chipettes လို့ခေါ်တဲ့ အဖွဲ့ပဲဖြစ်ပါတယ်...သူတို့လေးတွေရဲ့ နာမည်တွေကတော့ ဘရစ်တနီ (Brittney) ၊ ဂျနက်တီ (Jeanette) နဲ့ အယ်လန်နော် (Eleanor) တို့ပဲဖြစ်ပါတယ်…
သူတို့ ၂ ဖွဲ့ဟာ အထက်တန်းကျောင်းတစ်ခုမှာတွေ့ကြတာဖြစ်ပြီး ကျောင်းရဲ့ သီချင်းဆိုပြိုင်ပွဲအတွက် ယှဉ်ပြိုင်ကြမှာလည်း ဖြစ်ပါတယ်...ဘရစ်တနီတို့ အဖွဲ့ကိုတော့ လန်ဟော့ကပဲ တာဝန်ယူထားတာဖြစ်ပါတယ်...ဘရစ်တနီတို့အဖွဲ့ကလည်း အောင်မြင်တဲ့အဆိုတော်အဖွဲ့တစ်ဖွဲ့ ဖြစ်အောင်လုပ်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘန်ဟော့ဆီရောက်နေတာဖြစ်ပါတယ်…
 ဒီ ၂ ဖွဲ့ရဲ့ အားပြိုင်မှုက ဘယ်လိုတွေဖြစ်လာမလဲ ?? ဘယ်အဖွဲ့က အနိုင်ရမလဲ ?? ဘာတွေဆက်ဖြစ်ကြဦးမလဲ ဆိုတာတွေကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်... ဇာတ်ကားက ပထမကားထက်အရှိန်ပိုကောင်းလာပြီး ရှဥ့်မလေးတွေကလည်း ပရိတ်သတ်ကိုဆွဲဆောင်နိုင်ခဲ့ပါတယ်...နောက်တစ်ချက်ကတော့ ကမ္ဘာကျော်အဆိုတော် Charice လည်းတစ်ခန်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်...သီချင်းတစ်ပုဒ်ဆိုခဲ့ပါသေးတယ်... ကြည့်ရှုသင့်တဲ့ကားကောင်းတစ်ကားဖြစ်ပြီး IMDb rating 4.4/10 ရရှိထားပါတယ်
(ဇာတ်ကားအညွန်းရေးသူကတော့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်)
@joker




Alvin And The Chipmunks - 1 (2007) မြန်မာစာတန်းထိုး


ဒီကားလေးကတော့ ကလေးလူငယ်လူကြီးမရွေးနှစ်သက်ခဲ့ကြတဲ့ကားလေးတစ်ကားပါ...ရုပ်ရှင်မရိုက်ခင် ရုပ်ပြဇာတ်လမ်းတွေမှာကတည်းကနာမည်ရခဲ့ပြီး Chipmunks songs Album ဆိုရင်လည်း ဂရမ်မီ ၅ ဆုအထိရခဲ့ပါတယ်...ရုပ်ရှင်အဖြစ်ရိုက်ကူးပြသခဲ့တဲ့အခါမှာလည်း ပရိတ်သတ်ရဲ့ အားပေးမှုအများအပြားရရှိခဲ့ပါတယ်...

ကဲ ဇာတ်လမ်းအကြောင်းလေးသွားရအောင်

တစ်ခါတုန်းက တောတစ်ခုထဲက သစ်ပင်ကြီးတစ်ပင်မှာ ရှဥ့်ညီနောင်သုံးကောင်နေကြပါတယ်...
သူတို့လေးတွေမှာ နာမည်ကိုယ်စီရှိတယ်ဗျ...
အယ်လ်ဗင် (Alvin) ၊ ဆိုင်မွန် (Simon) နဲ့ သီအိုဒေါ (Theodore) တဲ့...ဒီလိုနဲ့သူတို့ရဲ့ဆောင်းခိုချိန်ရောက်လာပါတော့တယ်...တစ်နေ့မှာ သူတို့တွေရဲ့ သစ်ပင်ကြီးကို ခုတ်ပြီးကားနဲ့သယ်ယူသွားခြင်းခံလိုက်ရပြီး...သူတို့တွေကတော့ သစ်ပင်ကြီးထဲမှာ အိပ်နေတဲ့အတွက်မသိလိုက်ပါဘူး...သစ်ပင်ကြီးဟာ ခရစ္စမတ်သစ်ပင်အဖြစ်နဲ့ လောစ့်အိန်ဂျလိစ်မြို့ကိုရောက်သွားပါတယ်...ရှည့်ညီနောင်တွေ နိုးလာတဲ့အချိန်မှာ တိုင်ပတ်ပါလေရော...ဟိုဒီလျှောက်ပြေးရင်းနဲ့ လူတစ်ယောက်ရဲ့ အိမ်ကိုရောက်သွားပါတယ်...အဲ့ဒီလူကတော့ ဒေဗ့်စဗီလီ (Dave Seville) လို့ခေါ်တဲ့သီချင်းရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ Entertainment ကုမ္ပဏီတစ်ခုမှာ အလုပ်အတွက် ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ပါတယ်...ရှဥ့်ညီနောင်တို့ရောက်သွားတဲ့အခါမှာ လက်ခံထားပေမယ့် မျောက်ရှုံးအောင်ကဲကြတဲ့အတွက် ဒေဗ့်အတွက်စိတ်ပျက်စေခဲ့ပါတယ်...ဒါပေမယ့် ရှဥ့်လေးတွေရဲ့ အရည်အချင်းသိလိုက်ရတဲ့အခါမှာတော့ ဒေဗ့်ရဲ့စိတ်ကူးပြောင်းသွားခဲ့ပါတယ်...ဘာကြောင့်လည်းဆိုတော့ ရှဥ့်လေးတွေမှာ သီချင်းကောင်းကောင်းဆိုနိုင်တဲ့ အရည်အချင်းရှိတဲ့အပြင် သာယာပြီးချစ်ဖို့ကောင်းတဲ့အသံလေးတွေလည်း ပိုင်ဆိုင်ထားကြပါတယ်...အဲ့ဒီအခါမှာ ဒေဗ့်ရဲဖန်တီးနိုင်စွမ်းနဲ့ ရှဥ့်လေးတွေရဲ့အရည်အချင်းကိုပေါင်းစပ်ပြီး ကုမ္ပဏီကိုတင်ဆက်ဖို့စီစဉ်ပါတော့တယ်...
ဒီအချိန်မှာ ဗီလိန်ပေါ်လာပါပြီ...
သူကတော့ ကုမ္ပဏီပိုင်ရှင် လန်ဟော့ (Lan Hawke) ပဲဖြစ်ပါတယ်...ရှဥ့်လေးတွေရဲ့ အစွမ်းအစကိုသိတဲ့အခါမှာတော့ စီးပွားရေးသမားပီပီကြံပါတော့တယ်...
အဲ့ဒါနဲ့ပဲ ဒေဗ့်ဆီကနေ ရှဥ့်ညီနောင်တို့ကို ယူနိုင်ဖို့အတွက် ကြိုးစားလာတဲ့အခါမှာတော့.......

ဒီအခါမှာ မိသားစုလိုသံယောဇဉ်တွယ်နေကြတဲ့ ဒေဗ့်နဲ့ရှဥ့်ညီနောင်တို့ ဘာတွေဆက်ဖြစ်ကြမလဲ ???
ရှဥ့်ညီနောင်ကရော လန်ဟော့ဆီပါသွားမှာလား ???
ဒေဗ့်နဲ့ ရှဥ့်ညီနောင်တို့ ဘယ်လိုစခန်းသွားကြမလဲဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုခံစားပေးကြပါ ခင်ဗျာ...

ဇာတ်လမ်းလေးက မိသားစုဆန်ဆန်လေးရိုက်ထားပြီး တလွဲဟာသလေးတွေပါတဲ့အတွက် ပေါ့ပေါ့ပါးပါးကြည့်ရတဲ့ ကားကောင်းတစ်ကားပဲဖြစ်ပါတယ်...
ရှဥ့်ညီနောင်သုံးကောင်ရဲ့ မတူတဲ့စရိုက်လေးတွေကိုလည်းပြသထားပြီး
လူသားနဲ့ တိရစ္ဆာန်တို့ရဲ့ကြားက သံယောဇဉ်ဖြစ်တည်မှုတွေကိုလည်း အကွက်ကျကျရိုက်ကူးတင်ဆက်ထားပါတယ်...ဇာတ်ကားထဲမှာ နာမည်ကြီး သီချင်းတွေကို chipmunks version နဲ့ ချစ်စဖွယ်နားထောင်ရမှာလည်း ဖြစ်ပါတယ်...
အားပေးကြည့်ရှုကြပါဦး.......
 Movie Download Link>>>>>ဖိုင်ဆိုဒ်ကြီး ဒေါင်းရန်


Small File Size Download Link>>>>>ဖိုင်ဆိုဒ်သေးဖြင့် ဒေါင်းရန်


(ဇာတ်ကားအညွန်းရေးသူကတော့ Ye’ Kyaw Htetပဲ ဖြစ်ပါတယ်)


@Joker

No comments