Breaking News

WhatsApp နဲ့ Viber တို့ကို သိလာတဲ့ Google Now


whatsapp2
Android  ကို အသုံးပြုနေကြတဲ့ မိတ်ဆွေတို့အနေနဲ့ Google က ပေးသမျှ Service အကုန်လုံးကို အသုံးပြုစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တို့ရဲ့ နေ့စဉ်လှုပ်ရှားသွားလာမှုတွေ အတွက် တကယ်ကို အသုံးဝင်တဲ့အတွက်ဖြစ်ပါတယ်။ ရုံးသုံးအတွက်သာမက နေ့စဉ်လှုပ်ရှားမှု တိုင်းအတွက် ကို Google ရဲ့ Service တွေက  ထောက်ပံ့ပေးထားပါတယ်။  အခုလည်း Google ရဲ့ Product တစ်ခုဖြစ်တဲ့ Google Now က update ထွက်ရှိလာပါပြီ။ Google Now update မှာ ဘာတွေပါလာခဲ့လဲဆိုတော့ Google Now ကို အသုံးပြု ပြီး Viber နဲ့ WhatsApp တို့ကိုလည်း ဖွင့်ခိုင်းနိုင် ၊ Message ပို့ခိုင်းနိုင်ပါတယ်။
ဒါပေမဲ့ Google now ကို အသုံးမပြုသေးသူတွေအနေနဲ့ Internet ဖွင့်ပြီး စမ်းကြည့်စေချင်ပါတယ်။ Google Now ဆိုတာကတော့ ဖုန်းအတွင်းမှာ လုပ်ဆောင်နိုင်တဲ့ Google Service တွေကို အသံနဲ့ ခိုင်းစေနိုင်တယ်လေ။ အသုံးပြုပုံကတော့ ဖုန်းအတွင်းမှာ ရှိတဲ့ Google Now Application ကိုဖွင့်ပြီး “Okay Google ” သို့မဟုတ် ” Hello Google ” ဆိုပြီးပြောလိုက်တာနဲ့ Google Now လုပ်ဆောင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ချပြပါတယ်။ ကိုယ်သိလိုသမျှတွေကိုလည်း မေးမြန်းနိုင်ပါတယ်။ ဥပမာ= Myanmar နိုင်ငံမှာ လူဦးရေ ဘယ်လောက်ရှိလဲ ? (Burmese Population) စသဖြင့်ပေါ့ ။
အခုနောက်ဆုံးထွက်ရှိလာတဲ့ Google Now  Update က Viber နဲ့ WhatsApp Social application တို့ကိုပါ သိလာပြီဖြစ်တဲ့အတွက်ကြောင့် Google Now ကို အသုံးပြုရတာ ပိုမိုတွင်ကျယ်လာမှုရှိလာပါတယ်။ အရင်ကလည်း Facebook တို့ကို အသံနဲ့ဖွင့်ခိုင်းနိုင်ခြင်း ၊ ဖုန်းကောလ်များ ခေါ်ခိုင်းနိုင်ခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် အသုံးပြုလိုသူများအနေနဲ့ Google Play Store မှ Google Now ဟု ရှာပြီး  Download ပြုလုပ်နိုင်ပါတယ်။

No comments